အသောက်တစ်လိုင်းဘော်ဒါတွေအတွက် အမြည်းတစ်ပေါက်ရှန်းရှန်းတောက်တဲ့ ရန်ကင်းကBarလေးး အကြာင်းပြောရင် စိတ်ဆိုးကြမှာလားဗျာ။စိတ်မဆိုးဘူးဆိုရင်တော့ Yankin Beer Pub ဆိုတဲ့ဆိုင်လေးနဲ့ မိတ်ဆက်ပေးမယ်ဗျ။
အရင်ဆုံးဒီဆိုင်လေးက ရန်ကင်း အနော်ရထာလမ်းထဲမှာ ရှိပြီးတော့ အရမ်းအရသာရှိတဲ့ အမြည်းတွေဘော်ဒါတွေအတွက် အများကြီးရှိတယ်နော်။ ဒီမှာနာမည်ကြီးပြီး လူကြိုက်များတဲ့ အစားအသောက်တွေကတော့ Yankin Salad,Yankin chicken, Yankin pork,Seafood Tempura တွေအစုံနဲ့ပြုလုပ်ထားတဲ့ Yankin Ocean နောက်ပြီးတော့ နွေမိုးဆောင်းတို့ပဲဖြစ်ပါတယ်ဗျ။ ဒီ Yankin Beer Pub လေးရောက်ရင် မဖြစ်မနေစားသွားဖို့ ဖိတ်ခေါ်တာကတော့ ဆိတ်စွပ်ပဲ ဖြစ်ပါတယ်ဗျ။ ဆိတ်စွပ်ကတော့ အမြဲ ညနေ၃နာရီမှာ စရပြီနော်။
ဆိုင်ရဲ့အောက်ထပ်မှာတော့ အေးဆေးတဲ့ Aircon ခန်းတွေရှိပြီးတော့ အပေါ်ထပ်မှာတော့ လေဝင်လေထွက်ကောင်းတဲ့ အခန်းကြီးလဲရှိပါတယ်ဗျ။ မွေးနေ့ရှင်တွေကိုလည်း အမြဲ 10% Discount ပေးနေပြီးတော့ မွေးနေ့ပွဲတွေ လုပ်မယ်ဆိုလဲ အယောက်၃၀ကျော်ဆန့်တဲ့ အခန်းတွေရှိပါတယ်။ကဲအသောက်တစ်လိုင်း ပရိတ်သတ် တို့ရေဒီတိုင်းဆို Yankin Beer Pub လေးကိုသွားဖို့ စိတ်ဝင်စားနေကြပြီလို့ ထင်ပါတယ်နော်။ဒါကြောင့် ဘော်ဒါတွေနဲ့ လာခဲ့ဖို့ဖိတ်ခေါ် လိုက်ပါတယ်။
ဆိုင်ဖွင့်ချိန် – မနက် ၁၁ မှ ည ၁၁
ရောင်းအားအကောင်းဆုံး – Yankin salad , Yankin chicken , Yankin Pork ,ဆိတ်စွပ်၊နွေမိုးဆောင်း
Meals – နေလည်စာ၊ညစာ
ရရှိနိုင်သောအစားအစာများ – တရုတ်အစားအစာ၊ယိုးးယားအစားအစာ
Features – ကျယ်ဝန်းပြီးလေဝင်လေထွက်ကောင်းသော အပေါ်ထပ်
Promotion – မွေးနေ့ရှင်များ အတွက် 10% Discount
ဈေးနှုန်း – ၁၅၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်
ဆိုင်လိပ်စာ – အနော်ရထာလမ်း၊ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်
ဖုန်းနံပါတ် – ၀၉ ၇၉၄ ၄၄၁ ၆၁၅
English Version
Name – Yankin Beer Pub
Opening Time – 11Am to 11Pm
Best seller – Yankin Salad , Yankin Chicken , Yankin Pork, Mutton soup, Three season.
Meals – Lunch, Dinner
Cuisines – Chinese food , Thai Food
Price Range – 1500MMK to 12000MMK
Feature – Wide Balcony
Promotion – 10% Discount for Birthday person
Address – Anawyahta street , Kyauk kone , Yankin Township.
Phone – 09 794 441 615
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.