အလုံက အစားတစ်လိုင်းတွေအတွက် Billion
Billon ဆိုင်ကတော့ အောက်ကြည်မြင်တိုင် လမ်းမကြီးမှာရှိပြီးတော့ အလုံကအစားချစ်သူတွေသိပြီးသားဖြစ်မှာပါ။
အခုBillion မှာ အစားကသောက်Menu အသစ်တွေအများကြီးထပ်တိုးထားတယ်နော်။
မင်မင်တို့သွားစားတဲ့ Menu အသစ်တွေထဲက ရင်ထဲထိသွားစေမဲ့ ဟင်းလျှာတွေဆိုရင်တော့
ဝက်ဂုတ်သားသံပုရာဆော့
ကြက်ပေါင်းမှို
နံရိုးပေါင်းအစပ်ပေါင်မုန့်
သုံးထပ်သား ရှမ်းချဉ်ပေါင်း
ကြက်စဉ်းကောမျှစ်ချဉ်
မိုးခိုသားထောင်း
သုံးထပ်သားမာလာနှစ်
ရေဘဝဲ curry
ရှယ်နံရိုးအစပ်ပေါင်း တို့ပဲဖြစ်ပါတယ်။ဟင်းလျှာတွေတော်တော်စုံပြီးတော့ တစ်ပွဲနဲ့ တစ်ပွဲလဲ အရသာကွဲကွဲပြားပြားနဲ့ မင်မင်အတွက် ရှယ်ပဲ။
ဟင်းပွဲတွေက ပွဲကြီးတွေဆိုတော့ စျေးအရမ်းများ နေမယ်ထင်တာ တစ်ပွဲကို ၄၀၀၀ ကနေ ၅၀၀၀ကြားပဲရှိတယ်။အလုံနားတစ်ဝိုက်တွေကို အိမ်လိုက်ပို့ပေးပြီးတော့ ပွဲတွေလုပ်ချင်တယ်ဆိုတဲ့ လူတွေအတွက်လဲ Order တွေလက်ခံပါတယ်တဲ့။
ကဲအစားချစ်သူတို့ရေ အများကြီးညွှန်း မနေတော့ဘူးနော်။အလုံနားရောက်တာနဲ့ Billion ကိုသတိရလိုက်တော့နော်။
ဆိုင်အမည် -Billion Restaurant
ဆိုင်ဖွင့်ချိန် -မနက် ၁၀နာရီမှ ည ၁၁နာရီ
ရောင်းအားအကောင်းဆုံး -ကြက်ပေါင်းမိှု၊နံရိုးပေါင်းအစပ်ပေါင်မုန့်၊သုံးထပ်သားရှမ်းချဉ်ပေါင်း၊ရေဘဝဲ Curry၊ဝက်ဂုတ်သားသံပုရာဆော့။
စျေးနှုန်း – ၂၀၀၀ကျပ် မှ ၇၅၀၀ ကျပ်
အစားအစာအမျိုးအစား -တရုတ်အစားအစာ၊ ဥရောပအစားအစာ
အထူးပရိုမိုးရှင်း -ဟင်းပွဲ ၁၀ပွဲပြည့် လျှင်တစ်ပွဲလက်ဆောင်
လိပ်စာ – အောက်ကြည်မြင်တိုင်လမ်း၊အလုံလမ်းနှင့်ချန်မာဘီလမ်းကြား၊ အလုံမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း – ၀၉ ၂၆၄ ၆၉၀ ၀၄၀
English Version
Shop Name – Billion Restaurant
Opening Time – 10Am to 11Pm
Best Seller – Chicken mushroom steam,Spicy Pork Rib with bread,Pork steam with shan sauce, Octopus Curry,Pork Neck Grill with lime sauce
Price Range -2000MMK to 7500MMK
Special Promotion – Buy 10 any main dish Get 1 main dish
Address – Lower Kyi Myin Tine road,Between Chamarphee st and Alone rd, Alone Township,Yangon.
Phone -09 264 690 040
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.