သာလီစွ သာလီစွ သာလီစွ
ရှုးရှုးရှဲရှဲ ရခိုင်စာချဉ်ချဉ်စပ်စပ်လေးတွေကိုကြိုက်တယ်ဆိုရင်တော့ လမ်း(၄၀) မှာ ရှိတဲ့ ရခိုင်ဒေသ အစားစာတွေရောင်းချနေတဲ့ ဒို့ရိုးရာ ဆိုင်လေးကို ညွှန်းပေးမယ်နော်။ဒီဆိုင်လေးရဲ့ ထူးခြားချက်က ပင်လယ်စာတွေ အကုန်လုံးကို သိုလှောင်ထားတာမျိုး မဟုတ်ပဲ တစ်နေ့စာတစ်နေ့ကို လတ်လတ်ဆတ်ဆတ် ချက်ပေးပါတယ်တဲ့
မုန့်တီမှာသုံးတဲ့ ငါးကလည်း ပင်လယ်ငါး ငါးရွှေကိုပဲ သုံးပေးထားတာ ဖြစ်တဲ့အတွက် ဟင်းရည်အရသာ ချိုချိုလေးလေး လေးရှိတယ်။နာမည်ကြီး လူကြိုက်များတဲ့ ဟင်းလျှာတွေဆိုရင်တော့
– ကိုတံငါဟင်းချို
– ဂဏန်းမဆလာ
– ကင်းမွန်သုပ်
– အရွက်စုံသုပ်
– ကကတစ်ငါးသံပုရာပေါင်း တို့ပဲဖြစ်ပါတယ်။အချိုတည်းဖို့ ဆိုရင်တော့ မုန့်လက်ဆောင်း၊လှော်စာ၊ဌက်ပျောပေါင်း စတာတွေလည်းရှိတယ်။သွားတိုင်းသောက်ဖြစ်တာကတော့ ဒို့ရိုးရာရဲ့မကျည်းရေလေးပါ။ ရခိုင်အစားစာချစ်သူတွေအတွက် ရခိုင်စာရှယ်ရတဲ့ဆိုင်လေးကို ညွန်းပေလိုက်ပါတယ်နော်။
ဆိုင်ဖွင့်ချိန် -မနက် ၇ နာရီ မှ ည ၁၀ နာရီ
ရောင်းအားအကောင်းဆုံး -ကိုတံငါဟင်ချို၊ဂဏန်းမဆလာ၊ကင်းမွန်သုပ်၊အရွက်စုံသုပ်၊
စျေးနှုန်း – ၅၀၀ကျပ် မှ ၁၀၀၀၀ကျပ်
အစားအစာအမျိုးအစား -ရခိုင်အစားအစာ
ထူးခြားချက် -လတ်ဆတ်သော ပင်လယ်စာ
လိပ်စာ – လမ်း(၄၀) အလယ်ဘလောက်(ယုဇနကားဝင်းအနီး)၊ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့
ဖုန်း – ၀၉ ၄၀၁ ၂၁၉ ၅၂၃
Shop Name – Do Yoeyar
Opening Time – 7 am to 10 pm
Best Seller – Fisherman soup,Crab Curry,Squid Salad,Vegetable Salad
Price Range – 500MMK to 10000MMK
Special Feature – Fresh Seafoods
Address – 40th street,(Middle block),(Near Yuzana Car Park), Kyauktadar Township.
Phone -09 401 219 523
No Records Found
Sorry, no records were found. Please adjust your search criteria and try again.
Google Map Not Loaded
Sorry, unable to load Google Maps API.